Redirecting you to a secure payment page…

ထိုင်း-မြန်မာရွှေ့ပြောင်း အလုပ်သမားများ ကိုယ်ပိုင် သမဂများ ဖွဲ့စည်းခွင့်ပြုရန် အလုပ်သမားဆက်ဆံရေး အက်ဥပဒေကို ပြုပြင်ပြောင်းလဲရန်။

{{item}}

Click here to view this petition in English. ภาษาไทย ភាសាខ្មែរ

ထိုင်းပင်လယ်စာလုပ်ငန်းအတွက် အလုပ်သားခန့်အပ်မှု့တွင် ရွှေပြောင်းအလုပ်သမားများသည် အရေးကြီးတဲ့ အခန်းဂတွင်ပါဝင်ပါသည်။ မြန်မာ လာအို ကမောဒီးယားမှ သိန်းနှင့်ချီသော အမျိုးသမီးငယ်များ နှင့် အမျိုးသားများ စီးပွားဖြစ်ထုတ်လုပ်သော စက်ရုံများ၊ ငါးဖမ်းသဘောင်္များ နှင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများတွင်ဝင်ရောက်လုပ်ကိုင်နေကြသည်။ ထိုမှဖမ်းမိသော ပင်လယ်စာများကို နိုင်ငံတကာကုမဏီများထံရောင်းချပီး ထိုင်းစီးပွားရေးကို အားကောင်းစေပီး ကမာတစ်ဝှမ်းရှိ လူများ၏ စားနပ်ရိကာများကိုလောက်ငစေသည်။ သို့သော် ထိုင်းအလုပ်သမားများနှင့်မတူဘဲ နိုင်ငံခြားအလုပ်သမားများသည် တို့၏အခြေခံအလုပ်သမားအခွင့်အရေးများကိုလွတ်လပ်စွာအသင်းဖွဲ့ခြင်းနှင့် စုပေါင်းညှိနှိုင်းမှုတို့ကို အတိအလင်းငြင်းဆိုထားသည်။ ထို့ကြောင့် ပင်လယ်စာထုတ်လုပ်ခြင်းနှင့် ငါးဖမ်းခြင်းကဲ့သို့သော ရွှေ့ပြောင်းအလုပ်သမားများလုပ်ကိုင်နေသည့် လုပ်ငန်းခွင်များတွင် ကြီးမားသောပြနာများ ဖြစ်နေသည်။ ထိုင်းဥပဒေနှင့် ထိုင်းရောင်းချသူများ၏အလုပ်သမားကျင့်ထုံးများက ရွှေ့ပြောင်းအလုပ်သမားများသည် လုပ်ငန်းခွင်အခြေအနေများတိုးတက်စေရန် သို့မဟုတ် အလွဲသုံးစားပြုခြင်းကို တားဆီးရန် ဖြစ်နိုင်ခြေအရှိဆုံးအရာတစ်ခုဖြစ်သည့် ရွှေ့ပြောင်းအလုပ်သမားများကို တို့ကိုယ်ပိုင်သမဂများ တည်ဆောက်ခြင်းနှင့် ဦးဆောင်းခြင်းတို့ကို လုပ်ဆောင်ခြင်းမှ ပိတ်ပင်ထားဆဲဟု ဆိုလိုသည်။ ၂၀၂၂ ခုနှစ် သြဂုတ်လတွင် ထိုင်းအစိုးရသည် အလုပ်သမားသမဂဖွဲ့စည်းရန် ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးဆိုင်ရာ အဓိကဥပဒေများဖော်ဆောင်ရေးအပါအ၀င် လူကုန်ကူးမှုတားဆီးရေး ကြိုးပမ်းမှုများကို ဆောင်ရွက်ခဲ့ကြောင်း ကြေငြာခဲ့သည်။ သို့သော်လည်း အလုပ်သမားဆက်ဆံရေးဥပဒေ (၁၉၇၅) တွင်ပြဌာန်းထားချက်အရ ရွှေ့ပြောင်းအလုပ်သမားများအား တို့၏ ကိုယ်ပိုင် သမဂများဖွဲ့စည်းခွင့်ကို တားမြစ်ထားသည်။ ဥပဒေမပြင်ဆင်မချင်း ရွှေ့ပြောင်းအလုပ်သမားများသည် ခေါင်းပုံဖြတ်ခံရနိုင်ချေ မြင့်မားဆဲဖြစ်သည်။

အောက်ဖော်ပြပါ ထိုင်းဝန်းကြီးချုပ်ထံ ပန်ကြားချက်။

{{item}}
{{item}}
{{item}}
{{item}}
{{item}}
{{item}}
{{item}}
{{item}}
{{item}}
{{item}}
{{item}}
အသနားခံစာပေးပို့ခြင်းဖြင့် ဤအသနားခံစာတွင်ထည့်သွင်းထားသောအချက်အလက်များကို အသုံးပြုရန် GLJ-ILRF (ဂျီအယ်(လ်)ဂျေ-အိုင်အယ်(လ်)အာအဲ(ဖ်) နှင့် မိတ်ဖက်အဖွဲ့အစည်းများအား Union Rghts for Migrant Workers Campaign (ရွှေ့ပြောင်းအလုပ်သမားများ စည်လုံးရေး လုပ်ဆောင်သည့်အဖွဲ့) တွင်ကူညီရန်<br> <br>ဤဥပဒေဖြစင့် ကျွန်ုပ်သည် GLJ-ILRF (ဂျီအယ်(လ်)ဂျေ-အိုင်အယ်(လ်)အာအဲ(ဖ်) အားခွင့်ပြုပါသည်။
{{item}}

သို: H.E ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ

ကျွန်ုပ် လေးနက်စွာ တောင်းဆိုလိုက်ပါတယ် နိုင်ငံလုံးဆိုင်ရာသမဂအဖွဲ့ချုပ်များ၊ အိုင် အယ်(လ်) အို (ILO) နှင့်ရွှေ့ပြောင်းအလုပ်သမားများ၏အခြေခံအခွင့်အရေးများကို လွတ်လပ်စွာအသင်းဖွဲ့ခြင်း နှင့် စုပေါင်းညှိနှိုင်းဆွေနွေး မှုများအား ဆက်လက်ငြင်းဆိုနေခြင်းနှင့်ပတ်သက်စီးပွားရေးနှင့် လူအခွင့်ရေးဆိုင်ရာ အခြားအဖွဲ့အစည်းများမှ တောင်းဆိုမှုများကို အတည်ပြု ပေးလိုပါကြောင်း။ အလုပ်သမားဆက်ဆံရေးဥပဒေပြဌာန်းချက်အရ ပြတ်သားစွာခွဲခြားဆက်ဆံခြင်းသည် ပင်လယ်စာလုပ်ငန်းအပါဝင် ကြီးမားစွာအမြတ်အစွန်းရှိသော အလုပ်သမားကတစ်လျှောက်လုံးတွင် ရွှေ့ပြောင်းအလုပ်သမားများကို ချုပ်နှောင်ထားပြီး ခေါင်းပုံဖြတ်ခံရသည့် ဖွဲ့စည်းပုံမညီမျှမှုစနစ်ကို ဖော်ဆောင်ပေးခဲ့သည်။

ယင်းသည် သန်းနှင့်ချီသော ရွှေပြောင်းအလုပ်သမားများလုပ်ကိုင်နေသော လုပ်ငန်းခွင်များတွင် နိုင်ငံတကာ အလုပ်သမားစံချိန်စံညွှန်းများနှင့် မကိုက်ညီသော အခြေအနေရင်ဆိုင်နေရဆဲဖြစ်သည်။ ထိုင်းနိုင်ငံရှိ ပင်လယ်စာနှင့် အခြားစက်မှုလုပ်ငန်းများတွင် ရွှေ့ပြောင်းအလုပ်သမားများအား ပြင်းထန်စွာ ခေါင်းပုံဖြတ်ခြင်းမှာ နှစ်သုံးဆယ်အကြာ တရားဥပဒေပြုပြင်ပြောင်းလဲမှု ပြုလုပ်နေသော်လည်း ဆက်လက်ဖြစ်ပွားနေပါသည်။

ကိုဗစ်-19 ကပ်ရောဂါကာလအတွင်း ရွှေ့ပြောင်းအလုပ်သမားများအတွက် စည်းရုံးခွင့်သည် အထူးအရေးကြီးပါသည်။ ယခုအချိန်တွင် အလုပ်သမားများအနေဖြင့် တို့၏စိုးရိမ်ပူပန်မှုများနှင့် ပြနာများကို တို့၏အလုပ်ရှင်နှင့် အစိုးရအာဏာပိုင်များထံ ဆက်သွယ်ပေးမည့် တရားဝင်အဖွဲ့စည်းနှင့် တရားဝင်ကိုယ်စားလှယ်များရှိရန် အရေးကြီးပါသည်။ အလုပ်ရှင်များနှင့် အစိုးရသည်လည်း ညွှန်ကြားချက်များနှင့် ဥပဒေများ လုပ်ငန်းခွင်တွင် ကျန်းမာရေးနှင့် ဘေးကင်းရေး ကြိုတင်ကာကွယ်မှုများ အစိုးရ၀န်ဆောင်ပေးမှု၊ အလုပ်အကိုင် အစီစဉ်များနှင့် အကျိုးခံစားခွင့်များဆိုင်ရာ ပြတ်သားခိုင်မာသော လမ်းကြောင်းတစ်ခု လိုအပ်ပါသည်။

ထိုင်းအစိုးရ အဓိကလုပ်ဆောင်ရမည့်အရာများမှာ (၁) အလုပ်သမားဆက်ဆံရေးဥပဒေ (၁၉၇၅) ပုဒ်မ ၁၀၁ နှင့် ပုဒ်မ ၈၈ တို့ကို ပြုပြင်ပြောင်းလဲရန် အရေးတကြီးဆောင်ရွက်ရမည်ဖြစ်ပြီး နိုင်ငံခြားရွှေ့ပြောင်းအလုပ်သမားများအပေါ်ခွဲခြားဆက်ဆံမှုများကို ဖယ်ရှားကာ တို့၏ကိုယ်ပိုင်သမဂများဖွဲ့စည်းခွင့်ပြုခြင်းနှင့် (၂) အိုင် အယ်(လ်) အို (ILO) ၈၇ နှင့် ၉၈ ကို အတည်ပြုရန် လူသိရှင်ကြား ကတိပြုပြီး အဆိုပါ နိုင်ငံတကာ အသိအမှတ်ပြု အနိမ့်ဆုံး အလုပ်သမား စံချိန်စံညွှန်းများနှင်အညီ အမျိုးသား ဥပဒေများ ဆောင်ကျဉ်းပေးရန်။

H.E ထိုင်းနိုင်ငံ ဒုတိယ၀န်ကြီးချုပ်နှင့် နိုင်ငံခြားရေး ၀န်ကြီး မစတာ ဒွန်ပရာမုဒ်ဝီနိုင်။

H.E လူမှုဖွံ့ဖြိုးရေးနှင့် လူသားလုံခြုံရေးဝန်ကြီး ဂျုတီခရိုင်ရီရှီ (Juti Krairikshi) ။

H.E အလုပ်သမား ၀န်ကြီး မစတာ ဆူချက်ချုံကလင်။

H.E ဒုတိယ၀န်ကြီးချုပ်နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဂျူရင် လ(ခ်)စနစိ(တ်) (ဲJurin Laksanawisit)။

H.E စိုက်ပျိုးရေးနှင့် သမ၀ါယမ၀န်ကြီး ဒေါက်တာ ချာလန်ချိုင် စရီဝွန် (Chalermchai Sreeonl)။

H.E အမေရိကန်နိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး မစတာ မန(စ်)ဗီ စရီစိုဒပို (Mr. Manasvi Srisodapol)။

{{item}}
This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.